​​

Martin Luther King Jr.

ဒါကတော့ Martin Luther King Jr. ကနေပြီး ၁၉၅၇ ခုနှစ်က ပြောခဲ့တဲ့ စကားပဲ ဖြစ်ပါတယ်။ 

“သင်ဟာ အခြားသောသူတွေအတွက် ဘာတွေ လုပ်ပေးနေလဲ။ သင်နေထိုင်ရာ လူမှုပတ်ဝန်းကျင်အတွက် ဘာတွေ လုပ်ပေးနေလဲ” ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ ဒီစကားဟာဆိုရင် ယခု ၂၀၂၂ ခုနှစ်မှာ နေထိုင်နေတဲ့ ကျွန်တော်တို့အားလုံးအတွက် အဓိပ္ပါယ်ရှိနေဆဲဖြစ်ပါတယ်။ 

သင့်ပတ်ဝန်းကျင်ကသူတွေကို သင်က…

💪 စိတ်ခွန်အားဖြစ်စေဖို့ ကူညီပေးနေလား။

💪 လူခွန်အားနဲ့ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေလား။

💪 ငွေကြေးစွမ်းအားနဲ့ ထောက်ပံ့ကူညီမစပေးနေသူလား။

💪 Social Worker ကဲ့သို့သော လူ့အသိုက်အဝန်းရှိ ထိခိုက်လွယ်သူများ၊ အားနည်းသူများ အကူအညီဖြစ်စေရန် ဆောင်ရွက်ရသော အသက်မွေးဝမ်းကြောင်းဖြင့် အသက်မွေးနေသူလား။

သင်ဟာ ဘယ်လိုလူမျိုးဖြစ်ဖြစ်ပါ…  “What are you doing for others” “သင် အခြားသောသူတွေအတွက် ဘာတွေ လုပ်ပေးနေလဲ။” ဆိုတဲ့ Martin Luther King Jr. ရဲ့ မေးခွန်းအတွက် ကောင်းမွန်တဲ့/ အပြုသဘောဆောင်တဲ့ အဖြေကို ပြန်ပေးနိုင်သူတစ်ယောက် ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ YSSW ကနေ ဒီ post လေးက တစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ 

ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ကိုယ်တိုင် ပါဝင်နေတဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင် လူ့အသိုက်အဝန်းအတွက် တတ်စွမ်းသမျှ အပြုသဘောဆောင်သော အရာများ ပေးစွမ်းပြီး ညီမျှမှုရှိသော လူ့အဖွဲ့အစည်းကို အတူတကွ တည်ဆောက်ကြပါစို့! 



Martin Luther King Jr.
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Diversity and Inclusion