​​

History of Social Work

လူမှုဝန်ထမ်း (Social Work) ရဲ့ သမိုင်းအကြောင်း သိကောင်းစရာ little something 🧠

လူမှုဝန်ထမ်းလို ပြောလိုက်ရင် အခုခေတ်မှာ NGO, အလှူအတန်းလုပ်တာ၊ စေတနာ့ဝန်ထမ်းလုပ်တာလို ပြေးမြင်ကြတယ်မလား? 🤔

တကယ်တော့... လူမှုဝန်ထမ်းဆိုတာ နှစ်ပေါင်းရာချီပြီး ကမ္ဘာတစ်ဝှမ်းက လူ့အဖွဲအစည်းအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းဖို ဖွံဖြိုးလာတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပေါင်းစပ်ထားတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

မူလအစ......

၁၉ ရာစုနှောင်းပိုင်းစက်မှုတော်လှန်ရေးရဲ့ နောက်ဆက်တွဲအနေနဲ့  မြိုပြများသို လူဦးရေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာမှု၊ ဆင်းရဲမွဲတေမှု၊ အောက်ခြေလူတန်းစား၏ ဒုက္ခများနှင့် ကလေးသူငယ်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှု စတဲ့ လူမှုရေးပြသနာတွေဟာ ခေတ်သစ်လူမှုဝန်ထမ်းမိခင်ကြီး မွေးဖွားရာ ဖြစ်လာခဲ့ပါတယ်။

အရေးပါတဲ့ ခြေလှမ်းများ -

ချာတီး လှုပ်ရှားမှု (Charity Organisation Societies - COS): လန်ဒန်မြိုမှာ စတင်ခဲ့ပြီး "ကိုယ်ပိုင်အားထုတ်မှု" ကို အခြေခံတဲ့ပုံစံနဲ့ ဆင်းရဲသား လူတစ်ဦးချင်း ဆီကို အိမ်တိုင်ရာရောက်သွားရောက်ကူညီခဲ့ကြပါတယ်။

လူမှုရေးစင်တာ လှုပ်ရှားမှု (Settlement House Movement): Jane Addams နဲ့ Ellen Gates Star ဟာ အမေရိကန်မှာ Hull House ဆိုတဲ့ Community Center (လူမှုရေးစင်တာ) ကို စတင်ကာ လူမှုအသိုက်အဝန်းနဲ့အတူ လုပ်ကိုင်နိုင်တဲ့ လူမှုဝန်ထမ်းပုံစံကို အခြေချပေးခဲ့ပါတယ်။ 

၂၀ ရာစု ၁၉၀၅ခုနှစ်တွင် မေရီ ရီချမွန် (Mary Richmond) မှ "Social Diagnosis" စာအုပ်ကို ထုတ်ဝေခဲ့ပြီး လူမှုရေးပြဿနာများအား စနစ်တကျ ရောဂါတွေ့ရှိကုသသကဲ့သို လေ့လာအကဲဖြတ်နည်း (Casework Method) ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ဒါကတော့ Social Work ကို  သိပ္ပံနည်းကျပညာရပ် အဖြစ် သတ်မှတ်ရန် ပထမဆုံး အဓိက ခြေလှမ်းကြီး ဖြစ်စေခဲ့ပါတယ်။ 

မြန်မာပြည်မှာရော?

ကျွန်တော်တိုဆီမှာလည်း ရှေးအစဉ်အလာကတည်းက ဒါန၊ သီလ၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ လူမှုရေးလုပ်ငန်းတွေ ခိုင်ခိုင်မာမာရှိခဲ့ပါတယ်။ ခေတ်သစ်လူမှုဝန်ထမ်းပညာရပ်ဟာ နောက်ပိုင်းမှ စနစ်တကျ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာတော့ ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် စတဲ့ နယ်ပယ်စုံမှာ မရှိမဖြစ် ပါဝင်ဆောင်ရွက်နေပါပြီ။

ဒီတော့...

လူမှုဝန်ထမ်းဆိုတာ စေတနာတစ်ခုတည်းနဲ့တင် မပြည့်စုံသေးပါဘူး။ ပညာ၊ စေတနာ၊ ကျွမ်းကျင်မှုနဲ့ ကိုယ်ချင်းစာနာနားလည်မှု အားလုံးပေါင်းစပ်ထားတဲ့ မြင့်မြတ်တဲ့ ပညာရပ်ကြီးတစ်ခုပါပဲ။ ❤️

 #SocialWork #SocialWorkHistory #YSSW




History of Social Work
Yangon School of Social Work, YSSW IT September 12, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Trauma Healing