​​

Helen Keller

ဒီစကားလေးကိုတော့ အမေရိကန် စာရေးဆရာမ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၊ကထိက လည်းဖြစ်တဲ့ Helen Keller လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်က ပြောကြားခဲ့တဲ့ စကားပဲဖြစ်ပါတယ်။ 

သူဟာငယ်စဉ်ကတည်းက အပြင်းဖျားနာပြီး အမြင်အာရုံ ဆုံးရှုံးခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ သို့သော် သူမဟာ အကောင်းမြင်စိတ် ဘယ်လောက်များပြားသူတစ်ယောက်ဖြစ်ကြောင်းကို သူမပြောခဲ့တဲ့ “ကျွန်မတို့ဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အလင်းပေးဖို့ မကြိုးစားကြသ၍ စစ်မှန်သော ပျော်ရွှင်ခြင်းကို ခံစားရမှာ မဟုတ်ဘူး” လို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားကို ပြောသွားတာကို ကြည့်ပြီး သိနိုင်ပါတယ်။ သူမကိုယ်တိုင်ကလည်း မသန်စွမ်းသူတို့ရဲ့ အခွင့်အရေးအတွက် တက်ကြွလှုံ့ဆော်ပေးတဲ့ advocate တစ်ယောက်ဖြစ်ခဲ့ပါတယ်။

သူမပြောခဲ့တဲ့ ဒီစကားလေးကတော့ ကျွန်တော်တို့တွေအတွက် ဘယ်အချိန်ပဲဖြစ်ဖြစ် အမှတ်တရရှိနေသင့်ပြီး ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသင့်တဲ့ လမ်းညွှန်ချက်လေးဆိုလည်း မမှားပါဘူး။

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ ကျွန်တော်တို့တွေဟာ ကိုယ့်တစ်ကိုယ်စာအဆင်ပြေဖို့ ကောင်းစားဖို့အတွက်ပဲ ကြိုးစားနေခဲ့ပါသလား။ သင့်ဘေးနားက လူတွေအတွက်ရော သင်ဟာ တန်ဖိုးရှိသောသူ၊ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုနိုင်သောသူဖြစ်အောင် ကြိုးစားနေပြီလားဆိုတာကို ကျွန်တော်တို့လည်း ပြန်လည်တွေးတော ဆင်ခြင်ကြပါစို့ ။



Helen Keller
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Sex workers