​​

Greg Louganis

ကျွန်တော်တို့ အများစုဟာ “ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ ငါပဲ” “သူ့ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာလည်း သူပဲ” လို့ တွေးထင်မိတတ်ကြပါတယ်။ ကိုယ်က တပါးသူရဲ့ ဘဝအပေါ်မှာ လွှမ်းမိုးမှုတွေ သက်ရောက်မှုတွေ ရှိနေတတ်တာကိုလည်း မေ့နေတတ်ကြပါတယ်။ 

“The Greatest American Diver”လို့ လူသိများတဲ့ Greg Louganis ဟာဆိုရင် “တပါးသူတစ်ယောက်ရဲ့ ဘဝ ပိုမိုကောင်းမွန်လာအောင် သင်က လုပ်ဆောင်နိုင်တယ်။ ဒီလို လုပ်ဆောင်နိုင်တဲ့အစွမ်း သင့်မှာရှိနေတာကို မမေ့သင့်ဘူး။ ဒါနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အထင်မသေးသင့်ဘူး။ ကိုယ်နဲ့ တစ်ခါမှ မသိခဲ့တဲ့ သူစီမ်းတစ်ယောက်ရဲ့ အပေါ်မှာတောင် သင်က လွှမ်းမိုးမှုတွေရှိနိုင်တယ်” လို့ ဆိုလိုရင်းရောက်တဲ့ စကားကို ပြောဖူးခဲ့ပါတယ်။ 

ကျွန်တော်တို့တတွေဟာ လူ့ဘောင်အဖွဲ့အစည်းအထဲမှာ အခြားသောသူများနဲ့ အတူ ယှဉ်တွဲနေထိုင်သူတွေဖြစ်တဲ့အလျောက် ကိုယ့်အပြုအမူ၊ အပြောအဆိုတွေဟာ ကိုယ့်ပတ်ဝန်းကျင်က သူတွေအပေါ်မှာ သက်ရောက်မှုတွေရှိနေတယ်ဆိုတာကတော့ ငြင်းဖို့ခက်ပါလိမ့်မယ်။ 

ကိုယ့်ရဲ့ မွန်မြတ်တဲ့ စေတနာစိတ်နဲ့ စေတနာ့ဝန်ထမ်း ဆရာမလေးတစ်ယောက်အဖြစ် စာတွေသင်ကြားပေးတဲ့အခါ ပညာလိုအပ်နေသူတွေအတွက် အထောက်အကူများစွာ ဖြစ်သွားနိုင်သလို စိတ်မွန်းကြပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံတွေကို နားလည်မှုတွေနဲ့ လက်ခံနားထောင်ပေးတဲ့အခါ သူ့အတွက် ရှေ့ဆက်ဖို့ အင်အား အထောက်အကူတစ်ခုလည်း ဖြစ်စေနိုင်ပါတယ်။ 

ဒီလိုပဲ ကျွန်တော်တို့မသိလိုက်တဲ့အချိန်မှာပဲ ကျွန်တော်တို့ရဲ့ အပြုအမူအပြောအဆိုတစ်ခုက လမ်းမပေါ် စံပယ်ပန်းရောင်းနေတဲ့ ကလေးတွေအပေါ် သက်ရောက်မှုတွေရှိနေနိုင်သလို ကိုယ့်အိမ်နားက သက်ကြီးဘိုးဘွားတစ်ယောက်ယောက်အပေါ်လည်း သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ 

ဒါဆို ကျွန်တော်တို့ ပိုမို ညီမျှမှုတွေရှိတဲ့ နားလည်ပေးနိုင်မှုတွေရှိမယ့် ပတ်ဝန်းကျင်တစ်ခုစီကို လျှောက်လှမ်းဖို့ဆိုရင် ဘယ်လိုအရာတွေကို ကိုယ်က ပြုလုပ်နိုင်တယ်လို့ ထင်ပါသလဲ? သင်ကိုင်တိုင်ရော တပါးသူတွေစီက ဘယ်လိုအပြုအမူတွေ၊ အပြောအဆိုတွေ မျှော်လင့်မိပါသလဲ?



Greg Louganis
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Elderly