​​

Gender Based Violence

လူသားများဟာ လွတ်လပ်စွာ မွေးဖွားလာခြင်းဖြစ်ပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေး များဆိုင်ရာ၌ တန်းတူရှိကြောင်း၊ လိင်ပိုင်းဆိုင်ရာအပေါ်အခြေခံပြီး ခွဲခြားမှုများအပါအဝင်  မည်ကဲ့သို့သော ခွဲခြားမှုကိုမဆို ခွင့်မပြုရေးကို လူ့အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂကြေညာစာတမ်းမှာ အတည်ပြုထားပြီးဖြစ်ပါတယ်။ 

ကျား/မ ခွဲခြားမှု မရှိစေရေးအတွက် ကုလသမဂ္ဂနဲ့ အတည်ပြုထားတဲ့ ဆုံးဖြတ်ချက်တွေ ထောက်ခံချက်တွေ အစရှိတဲ့ အမျိုးမျိုးသောစာချုပ်တွေ ရှိနေပေမဲ့လည်း အမျိုးသမီးများအား ခွဲခြားမှုဟာဆိုရင် ကျယ်ပြန့်စွာပဲ ဆက်လက်တည်ရှိနေပါတယ်။

အမျိုးသမီးများအား ခွဲခြားမှုဟာဆိုရင် ကျား/မ အခွင့်အရေးတန်းတူရရှိရေးကို ချိုးဖောက်တာဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်တွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခြင်းကို အဟန့်အတားဖြစ်စေပါတယ်။ ဒီခွဲခြားမှုတွေက အမျိုးသမီးတွေရဲ့  စွမ်းဆောင်ရည်ဖွံဖြိုးမှုကို ပိုမိုခက်ခဲစေပြီး အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှု၊ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ လူမှုဘဝလုံခြုံမှုကို လျော့နည်းလာစေမှု စတဲ့  ဆိုးကျိုးတွေကိုပါ ဆင့်ကဲ ခံစားနေကြရပါတယ်။ 

လက်‌တွေ့လူမှုဘဝမှာ အမျိုးသမီးများအား ခွဲခြားသတ်မှတ် ဆက်ဆံမှုဟာဆိုရင် အလွန်ကျယ်ပြန့်လျက်ရှိပါတယ်။  ကျား/မ ရေးရာ အမြင်ကွဲပြားမှုကို အခြေခံပြီး လူတစ်ဦးတစ်ယောက်အပေါ် ကာယကံရှင်ရဲ့ သဘောဆန္ဒနဲ့  ခွင့်ပြုချက်မရှိပါဘဲ ထိုသူရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို အလွဲသုံးစားပြုခြင်း (သို့မဟုတ်) အတင်းအကျပ်ပြုမူစေခိုင်းခြင်း၊ ကာယကံရှင်အား ထိခိုက်နစ်နာစေနိုင်တဲ့ အန္တရာယ်မျိုး ပြုမူခြင်း စတာတွေဟာ အမျိုးသမီးများကို ခွဲခြားမှုရဲ့ နောက်ဆက်တွဲ ပြဿနာရပ်တွေပဲ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာလည်း ဒီလိုခွဲခြားမှုမျိုးကို  ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါ့အပြင်  မြန်မာနိုင်ငံဟာဆိုရင် တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်သည့်အားလျော်စွာ အချို့သော တိုင်းရင်းသားရိုးရာဓလေ့တွေမှာ ကျား/မ တန်းတူ အခွင့်အရေးရရှိမှုတွေ ကွာဟနေတာကို တွေ့ရှိနိုင်တယ်လို့ UNFPA ရဲ့ စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဥပမာ ကချင်ပြည်နယ်ဟာဆိုရင် ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်း (၆၀)ကျော် ခံစားလာခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိကာလမှာဆိုရင်လည်း ဒေသအသီးသီးမှ လက်နက်ကိုင်ပဋိပက္ခဒဏ်တွေကြောင့် စစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိလာတဲ့ ပြည်သူတွေဟာ မတူကွဲပြားတဲ့ နေရာဒေသတွေကနေ ရောက်ရှိလာခြင်း၊ အသိပညာ ဗဟုသုတ ကွာဟခြင်းနဲ့ စခန်းအတွင်း လုပ်ပိုင်ခွင့်အလွဲသုံးစားပြုခြင်း အစရှိတဲ့ ပံ့ပိုးပေးတဲ့အကြောင်းအရင်းများကြောင့် ကျား/မ အခြေပြု အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေကြရတာကိုလည်း မြင်တွေ့နေရပါတယ်။ အလားတူ မြန်မာနိုင်ငံရှိ အခြားသော ဒေသအသီးသီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ကျား/မ အခြေပြု အမြင်ကွဲပြားမှု၊ ခွဲခြားမှုနှင့် အကြမ်းဖက်မှုများ ရှိနေပြီး ဒီစိန်ခေါ်မှုကြီး ပပျောက်စေရန်မှာ လူ့အဖွဲ့အစည်းအတွင်းရှိ လူသားအားလုံးရဲ့ တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။



Gender Based Violence
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Psychological Safety