​​

Empowering Workforce with Pepsi

“Empowering the Workforce Through Balanced Wellness Program at Pepsi Myanmar”


🔑 “လုပ်ငန်းခွင်တစ်ခု ပိုမိုထိရောက်အောင်မြင်ဖိုဆိုရင် ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးဟာ အဓိက သော့ချက်ပါပဲ။”


🤝Pepsi Myanmar နဲ့ Yangon School of Social Work (YSSW) တိုပူးပေါင်းပြီးတေ့ YSSW မှ Pepsi Myanmarရှိဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အစီအစဉ်"Empowering the Workforce Through Balanced Wellness Program"ကို  ၂၀၂၅ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။


🤷‍♀️ဘာတွေလုပ်ခဲ့လဲဆိုရင်??


🤝၂၀၂၀ နောက်ပိုင်းမှာ လူတိုင်းရဲ့ စိတ်ကျန်းမာရေးဟာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွကြောင့်ပိုမိုဆိုးရွားလာတာကို လူတိုင်း သတိထားမိကြမှာပါ။ ဒီလိုမျိုးအခြေအနေမှာ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား (Emotional Resilience) နဲ့ စိတ်ကျန်းမာစွာ နေထိုင်နိုင်မှု (Well-being) ကို တိုးမြှင့်ပံ့ပိုးပေးဖိုအတွက် Pepsi Myanmar ကနေပြီးတော့ ဝန်ထမ်းတွေရဲ့ပိုမိုကောင်းမွန်တဲ့ စိတ်ကျန်းမာရေးအတွက်ရည်ရွယ်ပြီး Yangon School of Social Work(YSSW) နဲ့လက်တွဲဆောင်ရွက်ခဲ့တာပဲဖြစ်တယ်။


🌸 ကျွန်တော်တိုYSSW မှ စိတ်ဖိစီးမှုကို သဟဇာတဖြစ်အောင် ကူညီပေးနိုင်တဲ့ ASSYST-G (Acute Stress Syndrome Stabilization for Groups)နည်းစနစ်နဲ့ Inner Balance Tipsတွေကို လက်တွေ့ကျကျ လေ့ကျင့်ပေးပြီး လက်ဆင့်ကမ်းပေးအပ်ခဲ့ပါတယ်။


🤝 အခုလိုမျိုး အစီအစဉ်လေး အောင်မြင်ဖြစ်မြောက်သွားအောင် ပံ့ပိုးပေးခဲ့တဲ့ Pepsi Myanmar CEO Ma Lin အပါအဝင် ဒီProgramမှာ တက်တက်ကြွကြွပါဝင်တက်ရောက်ခဲ့ကြတဲ့ Pepsi Myanmarရဲ့ ဝန်ထမ်းတွေအားလုံးကို Yangon School of Social Work (YSSW) ကနေ ကျေးဇူးအများကြီးတင်ရှိပါတယ်။


🫂 စိတ်ကျန်းမာရေးကို တန်ဖိုးထားပြီး ပိုမိုပျော်ရွှင်တဲ့ လုပ်ငန်းခွင်တစ်ခုကို အတူတူ ဆက်ပြီးတည်ဆောက်သွားကြရအောင်နော်! 🙏


#YSSW 

#PepsiMyanmar 

#WorkplaceWellness 

#MentalHealth 

#ASSYSTG 

#Collaboration







Empowering Workforce with Pepsi
Yangon School of Social Work, YSSW IT October 2, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Transform Your Mindset with Positive Talk