​​

Elderly

သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်း ကမ်းလက်

လူမှုဝန်ထမ်းတွေဟာ ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်း လူမှုအဖွဲ့အစည်းရဲ့  ကျန်းမာကောင်းမွန်ရေး၊ လူမှုရေးဆိုင်ရာအပြင် အခြားသော အခန်းကဏ္ဍ အသီးသီးမှာ တာဝန်ယူလုပ်ကိုင်လျက် ရှိပါတယ်။ 

ဒါ့အပြင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း ဆေးရုံ ဆေးခန်းများ၊ ရပ်ရွာကျန်းမာရေးဆေးခန်းများတွင်လည်းကောင်း

စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ အကူအညီ အထောက်အပံ့များ၊ တခြားသော ကျွမ်းကျင်ပညာရှင်များနှင့်ပေါင်းစပ်ပြီး အထောက်အပံများကိုလည်းကောင်း ကူညီလျက်ရှိပါတယ်။

ဒီနေရာမှာဆိုရင် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုများ နှင့်ပတ်သတ်၍ လူမှုအဖွဲ့အစည်းထဲမှာ ရှိသင့်တဲ့ စနစ်နဲ့ပတ်သတ်ပြီး မျှဝေပေးချင်ပါတယ်။

သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးကြောင့်ဖြစ်စေ စောင့်ရှောက်မယ့် သားသမီးများ မစောင့်ရှောက်နိုင်တော့၍ ဖြစ်စေ ငွေရေးကြေးရေးပိုင်းဆိုင်ရာ အခက်အခဲကြောင့်ဖြစ်စေ စောင့်ရှောက်မှုများမရရှိနိုင်တော့လျှင် ထိုသက်ကြီးရွယ်အိုများအတွက် ဘက်ပေါင်းစုံမှ စောင့်ရှောက်မှုများရရှိနိုင်ဖို့ စနစ်တစ်ခုရှိဖို့ လိုအပ်လာပါတယ်။

ထိုသို့ အကူအညီများကို လူမှုအဖွဲ့အစည်းအတွင်း ပုံဖော် ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနဲ့ လူမှုဝန်ထမ်းများကနေပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

သက်ကြီးရွယ်အိုများနဲ့ ပတ်သတ်ပြီး လူမှုဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဖက်မှ ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် လူမှုဝန်ထမ်းများဟာ သက်ကြီးရွယ်အိုများအတွက် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ နေထိုင်ရေး၊ စားသောက်ရေး၊ မိသားစု စတဲ့ အကူအညီများ ရရှိအောင် တစ်ဦးချင်းသော်လည်းကောင်း တခြားသော ကျွမ်းကျင်ပညာရှင်များ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။

ဒါတင်မကပဲ လူမှုဝန်ထမ်းများဟာ သူတို့ရဲ့ လိုက်နာရမယ့် ကျင့်ဝတ်များ (Code of Conduct) များနှင့် အညီ အကူအညီလိုနေသော သက်ကြီးရွယ်အိုများရဲ့ အားနည်းချက်များ၊ အရှက်အကြောက်တရားများ၊ စိတ်အားငယ်မှုများ၊ စိတ်မလုံမခြုံဖြစ်မှုများကို ကူညီဖေးမ ကာကွယ်ကြသလို social media ပေါ်မှာ ဖြစ်စေ၊ တခြားသော ကိစ္စရပ်များမှာ သက်ကြီးရွယ်အိုများရဲ့  ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကိုလည်း မိမိအကျိုးအတွက် အသုံးမပြုမိအောင် သတိထားကြရပါတယ်။ 


Elderly
Yangon School of Social Work, YSSW IT February 15, 2024
Share this post
Tags
Archive
​​
Albert Einstein