​​

Diversity and Inclusion

YSSW အနေနဲ့ မကြာသေးမီက Diversity Week ဆိုတဲ့ရက်သတ္တပတ်ကိုပြုလုပ်ခဲ့ပြီး ဒီတခေါက်မှာတော့ Diversity and Social Inclusion ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဒီ Post လေးကတဆင့် အကျဉ်းချုံးလေး တင်ဆက်ပေးလိုက်ရပါတယ်။ 

Diversity ဆိုတာကို မြန်မာဘာသာအနေနဲ့ ဘာသာပြန်ရမယ်ဆိုရင်ဖြင့် “မတူကွဲပြားမှု”လို့ အဓိပ္ပါယ်ရပါတယ်။ လူတွေဟာဆိုရင် ဘဝတစ်လျှောက် နေထိုင်ရာဒေသအမျိုးမျိုး၊ ပတ်ဝန်းကျင်အမျိုးမျိုးနဲ့ ထိတွေ့နေထိုင်ကြရတာဖြစ်တာကြောင့် မတူကွဲပြားမှုတွေကို တွေ့ကြုံဖူးကြမှာ မလွဲပါဘူး။ မတူကွဲပြားမှုတွေဟာ လူမျိုးအရဖြစ်စေ၊အသားအရောင်အရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအရဖြစ်စေ၊ မိမိရဲ့ တတ်ကျွမ်းမှုအရည်အချင်းအရဖြစ်စေ စတဲ့ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မတူကွဲပြားမှုဆိုတာက မိမိရဲ့ ဖြစ်တည်မှုနဲ့ တခြားသူရဲ့ ဖြစ်တည်မှုကြားကွဲပြားမှုလို့ အလွယ်တကူ ဆိုနိုင်ပါတယ်။ 

ကမ္ဘာ့လေထုရဲ့ နေရာပေါင်းစုံက သဲမှုန်လေးတွေဟာ တစ်နေရာမှာတစ်စုတစည်းတည်း တည်ရှိလာကြပြီး နောက်ဆုံးမှာ ကြီးမားကျယ်ပြန်လှတဲ့ သဲကန္တာရကြီးတစ်ခုဖြစ်တည်လာပါတယ်။Social Inclusion ဆိုတာဟာလည်း ဒီဖြစ်စဥ်လိုပါပဲ။ မတူကွဲပြားမှုတွေကို လွဲမှားမှုလို့မမြင်ကြပဲ အချင်းချင်း အသိအမှတ်ပြုကာ တန်းတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုစီ ဆောင်ကျဥ်းပေးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ 

ဒါကြောင့် အ‌မျိုးအရောင်တွေကွဲပြားပြီး လိုအပ်ချက်တွေများပြားနေတဲ့ ကမ္ဘာကြီးအတွက် ကျွန်တော်တို့အနေနဲ့ မတူညီတာတွေကို အသိအမှတ်ပြုကာ စုစည်းပြီး အရောင်အသွေးစုံလင်လှတဲ့ လူအသိုက်အဝန်းတစ်ခုအဖြစ် ပုံဖော်ကြဖို့ကို ဒီကနေတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 




Diversity and Inclusion
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Gender Based Violence