​​

CFS

အနုပညာလဲ ဘာသာစကား၊ ဘာသာစကားလဲ အနုပညာ 💁


ဒီနေ့မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်၊ ပြည်လုံးချမ်းသာ (ဘက) မှာ ငလျင်ဘေးဒဏ်ခံ ကလေးငယ်များအတွက် ကလေးများပျော်ရာ ပရောဂျက် (CFS) မှ လှုပ်ရှားမှုတွေထဲက တစ်ခုကိုမျှဝေချင်ပါတယ်။ 🤗


စကားနဲ့ ထုတ်ဖော်မပြောပြတတ်သေးတဲ့ ခံစားချက်တွေကို အနုပညာကနေတစ်ဆင့် ပြောကြမယ်။ 🥰


ကျတော်တိုအားလုံး ကလေးဘဝကို ဖြတ်သန်းခဲ့ကြတယ်..🌼


စကားလုံးတွေသုံးပြီး မပြောတတ်သေးတဲ့ အရွယ်…


ဒါပေမယ့် ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေက စကားလုံးမရှိဘဲလဲ ရှိနေတတ်တယ်။ 🌼🌼


ဒီလိုစိတ်ခံစားချက်တွေကို Child-Friendly Space မှာ ပန်းချီဆွဲခြင်းကနေတစ်ဆင့် ဖော်ထုတ်နိုင်ဖို ကလေးတွေကို ကောင်းမွန်တဲ့ တွန်းအားတစ်ခုပေးခဲ့ပါတယ်။ 🌼🌼🌼


သူတိုလေးတွေရဲ့ မျက်လုံးတွေကို မှိတ်ခိုင်းထားပြီး…

သူတိုသွားချင်တဲ့နေရာ၊ ဖြစ်‌ချင်တဲ့အရာ တွေကို ပုံလေးတွေဆွဲပြီး ‌ဖော်ပြနိုင်တဲ့အထိ အချိန်လေးတစ်ခုပေးတယ်။ ⏳🧘


ဒါကြောင့်ပဲ…


သားတိုရဲ့အိမ်ရှေ့က ရောင်စုံပန်းခြံလေးထဲဆော့ကစားချင်တယ်…🤾


ရွှေဝါရောင်ဆံပင်လေးနဲ့ မင်းသမီးလေးဖြစ်ချင်တယ်…. 👸


စိမ်းစိုနေတဲ့သစ်ပင်တွေနဲ့ ကြည်လင်တောက်ပနေတဲ့ အပြာရောင် စမ်းချောင်းလေးတွေနား သွားချင်တယ်….. 🌳🏞🌳


စတဲ့စတဲ့ မဆုံးနိုင်တဲ့ သူတိုလေးတွေရဲ့ စိတ်ကူးအိမ်မက်လေးတွေကို ဖန်တီးစေပြီး သူတိုဆွဲထားတဲ့ပုံလေးတွေအကြောင်းကို အချင်းချင်း နားထောင်ပေးခဲ့ကြတယ်။ 👂


ဒီနေရာမှာ ကျွန်တော်တို တွေ့ရှိခဲ့တာက…


အနုပညာဟာ ကလေးတွေအတွက်:

✨ ဘာသာပြန် - စကားနဲ့မပြောနိုင်တဲ့ခံစားချက်တွေကို ရောင်စုံခဲတံနဲ့ ပြန်ပြောပေးတယ်

✨ ပြေလျော့ရာ - စိတ်ထဲမှာပိတ်မိနေတဲ့ခံစားချက်တွေကို စက္ကူပေါ်ကိုဆွဲထုတ်ပေးတယ်

✨ အားပြန်ဖြည့်ရာ - ဖန်တီးမှုကနေ ကိုယ့်ကိုယ်ကို ပြန်တွေ့ရှိခွင့်ရစေတယ်။ 🥰


နောက်ဆုံးမှာတော့ သူတိုဆွဲထားတဲ့ပုံ‌လေးတွေကို ကျေနပ်ကြပြီဆိုရင် “ဒါက ကျတော်ဖန်တီးထားတာ” ဆိုတဲ့ ဂုဏ်ယူမှု၊ တာဝန်ယူမှုနဲ့အတူ  လက်မှတ်လေးတွေရေးထိုးခဲ့ကြတယ်။ 📝


စက္ကူဖြူတစ်ရွက်အပေါ်မှာ ကျ‌တော်

တိုလျှောက်ခြစ်နိုင်တယ်၊ ခံစားချက်တွေကို ဖော်ထုတ်နိုင်တယ်။ အချင်းချင်းပြန်လည်မျှဝေနိုင်တယ်။ 🌼🌼🌼


ဒါကြောင့် အနုပညာဟာ ဘာသာစကားတစ်ခုထက်ပိုပါတယ်။ 


ဒါဟာကလေးတစ်ယောက်ချင်းစီရဲ့ နှလုံးသားထဲက ကမ္ဘာကို ဝင်ရောက်ကြည့်ရှုခွင့်၊ နားထောင်ခွင့်၊ နားလည်ခွင့် ဖြစ်ပါတယ်။ ✨✨✨


❔ဒီနေ့မေးချင်တာလေးတစ်ခုရှိပါတယ်။ ❔


အစ်ကိုတို အစ်မတို ကလေးဘဝတုန်းက…

စက္ကူဖြူတစ်ရွက်၊ ရောင်စုံခဲတံတွေနဲ့ 

စိတ်ထဲက ကမ္ဘာကို ဖန်တီးခွင့်ရခဲ့ရင်…

အဲ့ဒါလေးက ဘယ်လိုမျိုး‌ဖြစ်မလဲ…?


Comment လေးမှာရေးပေးပါဦးနော်။

Share လုပ်ပေခြင်းဖြင့် ကလေးတိုင်းရဲ့အသံကို အလေးထားတဲ့ အသိုက်အဝန်းတစ်ခုကို အတူတူဖန်တီးကြရအောင်။


#YangonSchoolofSocialWork

#ChildFriebdlySpace

#EarthquakeResponse 

#PsychosocialSupport

#Art







CFS
Yangon School of Social Work, YSSW IT January 2, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
International Youth Day