​​

Albert Einstein

“Striving for social justice is the most valuable thing to do in life”

"လူမှုဘဝတွေမျှတမှန်ကန်ဖို့အတွက် ကြိုးပမ်းအားထုတ်ခြင်းဟာ ဘဝမှာ အရေးကြီးဆုံးသောအလေးထားလုပ်ဆောင်ရမည့် အရာဖြစ်တယ်"

အရမ်းကိုတန်ဖိုးရှိတဲ့စကားစုလေးပါ

ဒီစကားစုလေးကို ပြောကြားခဲ့သူဟာ ကျွန်တော်တို့အားလုံးသိပြီးဖြစ်တဲ့ ရူပဗေဒသိပ္ပံပညာရှင် Elbert Einstein ပဲဖြစ်ပါတယ်။ အိုင်းစတိုင်းဟာ ငယ်စဉ်က အလွန်ထုံထိုင်းပြီး အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်ပါတယ်။ ကျောင်းစတက်တဲ့အခါမှာလည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရခဲ့ပါတယ်။ ဦးလေးဖြစ်သူက အက္ခရာသင်္ချာနှင့် ဂျီဩမေတြီ သဘောတရားတွေကို နားလည်အောင် ရှင်းလင်းပြသပေးခဲ့တဲ့အတွက် အိုင်းစတိုင်းသည် သင်္ချာပညာတွင် ဆရာများအံ့ဩလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာဆက်သင်နိုင်ခဲ့ပါတယ်။

အဏုမြူဗုံး (သို့) အက်တမ်ဗုံးကို ထုတ်လုပ်နည်းကတော့ အိုင်းစတိုင်းရဲ့ ကမ္ဘာကျော်ညီမျှခြင်းဖြစ်တဲ့ E=mc2 ဆိုတဲ့ ဒြပ်ထုစွမ်းအင်တူညီခြင်း နိယာမတရားပဲဖြစ်ပါတယ်။ ဒါကြောင့် သူဟာ social justice ကြိုးပမ်းဖို့ empower လုပ်ဖို့ဟာ ဘယ်လောက်ထိအရေးကြီးသလဲဆိုတာပြောကြားခဲ့ပါတယ်ခင်ဗျာ

ကျွန်တော်တို့ ကမ္ဘာကြီးမှာ အရေးကြီးဆုံးသောအရာဖြစ်တဲ့ လူသားအရင်းအမြစ်ဘဝတွေမှာ စစ်မှန်တူညီတဲ့ လူမှုရေး စီးပွားရေး ပညာရေးတွေ လူ့အခွင့်အရေးတွေ လုပ်ပိုင်ခွင့် အခွင့်အရေးတွေ တန်းတူညီစွာရရှိဖို့ ထိုက်တန်တယ်မဟုတ်ပါလားခင်ဗျာ။ ဒီလိုအခွင့်အရေးတွေရရှိမှသာလျှင် လူသားတွေရဲ့အသိဉာဏ်ပညာတွေဟာဖွံ့ဖြိုးတိုးတက်ပြီး ဖန်တီးနိုင်စွမ်း လုပ်ကိုင်နိုင်စွမ်းတွေဟာလည်းပိုမိုကောင်းမွန်လာပြီး ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကြီးကို ရိုင်းပင်းကူညီလုပ်ဆောင်ကြရင်းနဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ လူသားတွေရဲ့ ပူပေါင်းဆောင်ရွက်မှုများဖြင့်ပိုမိုသာယာလှပါလာပါလိမ့်မည်ဆိုတာ ဒီတစ်ပတ် YSSW ရဲ့ Quote အစီစဥ်မှတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ 



Albert Einstein
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
မတူကွဲပြားမှုဖြင့် ဆေးခြယ်ခြင်း