​​

PCM

📣 YSSW Wave 7 Online Special Workshop 


💁 Project Cycle Management in Social Work 


နေ့ရက်                  : စနေ နှင့် တနင်္ဂနွေ (November 8 & 9)

သင်တန်းအချိန်     : မနက် ၉နာရီခွဲ မှ ၅နာရီ (9:30 am - 5:00 pm)

သင်တန်းကာလ    : ၂ ရက် (2 Days)


Application Deadline: October 18, 11:59 pm MMT 💢


❓"ပြဿနာက ဘာလဲ" ဆိုတာနဲ့ "ဖြေရှင်းချက်က ဘာလဲ" ကို ရှင်းရှင်းလင်းလင်း မချိတ်ဆက်နိုင်တာ။

❓စီမံကိန်းရည်မှန်းချက်တွေက "ကြီးလွန်းတယ်"၊ "မကိုင်တွယ်နိုင်တော့ဘူး" ဖြစ်နေတာ။

❓ဘတ်ဂျက်၊ အချိန်၊ လူအင်အား သုံးခုကြားမှာ ညှိရတာ ခက်ခဲနေတာ။

❓စီမံကိန်းအဆင့်ဆင့်ကို စနစ်တကျ မစီမံနိုင်တာကြောင့် အချိန်နဲ့တပြေးညီ ပြင်ဆင်ရခက်နေတာ။

❓စီမံကိန်းပြီးတိုင်း "တကယ် ပြောင်းလဲမှု ရှိလား" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေရတာ။


ဒီအခက်အခဲတွေကြုံတွေ့နေရပြီး ကျော်လွှားနိုင်ဖိုကြိုးစားနေတဲ့ INGO၊ NGO နှင့် အခြားလူမှုရေးအဖွဲအစည်းများမှ လူမှုဝန်ထမ်းများအတွက် Project Cycle Management in Social Work သင်တန်း‌လေးရှိပါတယ်။ 🥰


သင်တန်းက‌နေရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့…

🔶 Social issues (လူမှုရေးဆိုင်ရာပြဿနာများ) နဲ့ ပတ်သက်တဲ့ စီမံကိန်းများတွင် မရှိမဖြစ်အရေးပါသော Social Work Concept (လူမှုရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းသဘောသဘာဝ) များကို သိရှိနားလည်သွားမယ်။


🔶 Project Cycle Management (ပရောဂျက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်) ကိုသိရှိနားလည်ပြီး သင်တန်းချိန်အတွင်းမှာလည်း ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာလေ့ကျင့်ခန်းများကိုလက်တွေ့ဆွေးနွေးသင်ပြသွားမှာမိုလို ပိုမိုကျွမ်းကျင်စွာ အသုံးချတတ်လာမှာပဲဖြစ်ပါတယ်။


သင်ကြားပိုချမှုပုံစံကရော ဘယ်လိုမျိုးလဲ 🤔?


🔶 ပါဝင်တက်ရောက်သူများရဲ့ လုပ်ငန်းခွင်အတွေ့အကြုံများ၊ အတွေးအမြင်များ နှင့် သင်တန်းနည်းပြများရဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ အပြန်အလှန် ဆွေးနွေးသည့်ပုံစံမျိုးဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🔶 သင်တန်းတက်ရောက်သူများအနေဖြင့် session တစ်ခုပြီးတိုင်း လက်တွေ့လုပ်ရမယ့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ကာ စာတွေ့လက်တွေ့ ပေါင်းစပ်သင်ယူရပါမယ်။


🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶


သင်တန်းကြေး      : ၆၅,၀၀၀ ကျပ် 


📌 အထူးအစီအစဉ်အနေနဲ့ အစောဆုံးအပ်သူဆယ်ယောက်အတွက် cash back ၁၀,၀၀၀  ကျပ်၊ 

📌 အတန်းနှစ်တန်းအပ်သူအတွက် တစ်တန်းကို ၅၀% off နဲ့

📌 အတန်းသုံးတန်းတက်သူအတွက် တစ်တန်းကို အခမဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။ 🤩


မှတ်ချက်❗️

ဖော်ပြပါ အထူးအစီအစဥ်များကို ပေါင်းစပ်၍ပေးအပ်သွားမည်မဟုတ်ပါ။


သင်တန်းသားအရေအတွက် (၃၀) ဦးအထိသာလက်ခံမှာဖြစ်ပါတယ်။ 


လူမှုအကျိုးပြုလုပ်ငန်း‌တွေမှာ ပိုမိုကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဖို အခွင့်အရေးကိုလက်လွတ်မခံဘဲ အောက်ပါ Register Link မှာ‌အောက်တိုဘာလ ၁၈ ရက်နေ့ကို နောက်ဆုံးထားပြီး စာရင်းသွင်းဖိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။⬇️


💁 Application Link 

https://forms.gle/tQQFGX4i12KKdwsW9


#yssw

#Wave7

#ProjectCycleManagement

#workshop




PCM
Yangon School of Social Work, YSSW IT October 16, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Deadline Extension for Certificate Courses