​​

Online Diploma in Social Work

One Year Program

မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်လှစ်တော့မယ့် Online Diploma in Social Work

 

အခုဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ Online Diploma in Social Work ကို ကျွန်တော်တို့ Yangon School of Social Work (YSSW) ကနေ မြန်မာနိုင်ငံမှာ ပထမဆုံး စတင်တော့မှာ ဖြစ်ပါတယ်။

အခုဖွင့်လှစ်မယ့် Diploma မှာတော့ Social Work လုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးမှာ ဖြစ်ပြီး လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာရှိတဲ့ လူမှုရေးပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရန်၊ အထောက်အပံ့တစ်ခုဖြစ်လာဖို့အတွက် ရည်ရွယ်ထားပါတယ်။

ဒါကြောင့်မို့ သင်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဖူလုံရေးလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်မယ်ဆိုရင် အခုဖွင့်လှစ်တော့မယ့် Diploma in Social Work ဟာ သင့်အတွက် တက်ရောက်သင့်တဲ့ အတန်းပါပဲ။



ဒါဆိုရင် Diploma in Social Work အတန်းမှာ ဘာတွေ သင်ယူရမလဲ ?

ကျွန်တော်တို့ Diploma in Social Work မှာ Social Work ရဲ့ အကြောင်းအရာတွေ၊ လူတွေရဲ့ အမူအကျင့်တွေ၊ ပြည်သူလူထုတစ်ဦးတစ်ယောက်ချင်းစီကို ချဉ်းကပ်ပုံတွေ၊ ဥပဒေရေးရာမူဝါဒတွေ နဲ့ လူမှု‌‌ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ သုတေသန ပြုလုပ်ခြင်းတွေကို သင်ယူကြရမှာပဲဖြစ်ပါတယ်။


1. Semester One: Foundation of Social Work

  • Module 1: Human Behaviors in the Social Environment (SW 1001 A)
  • Module 2: Law and Social Work (SW 1002 A)
  • Module 3: Introduction to Social Work and Social Welfare (SW 1003 A)
  • Module 4: Field Work and Research (SW 1004 A)


2. Field Placement Internship (200 Hours)


3. Semester Two: Advanced Social Work Practices

  • Module 5: Clinical Social Work (SW 1001 B)
  • Module 6: Social Issues in Community (SW 1002 B)
  • Module 7: Social Work Theory and Practice (SW 1003 B)
  • Module 8:  Field Work and Case Presentation (SW 1004 B)

 

Diploma in Social Work အတန်းက ဘယ်လောက်ကြာမြင့်မှာလဲ ?

Diploma in Social Work အတန်းက Diploma အတန်း ဖြစ်တာကြောင့် Semester (၂) ခု ပါဝင်မှာ ဖြစ်ပြီး သင်တန်းကာလ (၁ နှစ်) ကြာမြင့်မှာဖြစ်တဲ့အပြင် Internship အတွက် နာရီ (၂၀၀) ပါ ပါဝင်မှာဖြစ်ပါတယ်။

ကျောင်းအပ်လက်ခံတဲ့ကာလမှာ မေလ ၁၃ ရက်နေ့ မှ မေလ ၂၅ ရက်နေ့ အထိ ဖြစ်ပြီး

အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဗဟူး၊ ကြာသပတေးနေ့များမှာ သင်ကြားသွားမှာဖြစ်ပြီး သင်တန်းချိန်မှာ ည ၇း၃၀ မှ ၉း၃၀ အထိ ဖြစ်တာကြောင့် စာသင်ချိန်က တစ်နေ့ (၂) နာရီ နှင့် တစ်ပတ် (၄)ရက် ဖြစ်ပါတယ်။

 

သင်တန်းကြေးအနေနဲ့ Diploma in Social Work အတန်းကာလဖြစ်တဲ့ Semester (၂) ခုလုံးစာ အတွက် 1,000,000 MMK (၁၀ သိန်းအတိ) ကျသင့်မှာဖြစ်ပြီး အရစ်ကျစနစ်နဲ့လဲ ပေးသွင်းနိုင်ပါတယ်။

သင်တန်းကြေးကို တစ်ကြိမ်တည်း အပြည့်သွင်းမယ်ဆိုရင်တော့ 7% Discount ရရှိမှာဖြစ်လို့ 930,000 MMK သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ (Save 70,000 MMK)

အရစ်ကျစနစ်နဲ့ ပေးသွင်းမယ်ဆိုရင်တော့ ပထမအကြိမ် ကျောင်းအပ်တာနဲ့ ၄၀% (၄ သိန်းကျပ်) ပေးသွင်းရမှာဖြစ်ပြီး၊ ဒုတိယအကြိမ် ၃၀% ဖြစ်တဲ့ (၃ သိန်းကျပ်) ကိုတော့ စက်တင်ဘာလမှာ ပေးသွင်းရမှာဖြစ်ပြီး၊ တတိယအကြိမ်မှာ ၃၀% ဖြစ်တဲ့ (၃ သိန်းကျပ်) ကို ဒီဇင်ဘာမှာ ပေးသွင်းရမှာ ဖြစ်ပါတယ်။

ယခု Diploma in Social Work အတန်း စတင်ဖွင့်လှစ်မည့်နေ့ကတော့ ၆.၆.၂၀၂၄ (ကြာသပတေးနေ့) ဖြစ်ပါတယ်။

Regular Application form:

Regular Application

Scholarship Form:

Scholarship Application

YSSW ရဲ့ Online ကနေပေးမယ့် Diploma in Social Work ကို တက်ရောက်ချင်တဲ့သူတွေအတွက် ပေးထားတဲ့ Application Form မှ တစ်ဆင့် စာရင်းပေးသွင်းပြီး သင်တန်းအပ်နှံနိုင်ပါတယ်။

သင်တန်းကြေးဖြင့် တက်ရောက်မယ့် သင်တန်းသားများအနေနဲ့ Registration Form ကိုသာ ဖြည့်ပေးရန် လိုအပ်ပြီး
Scholarship ဖြင့် တက်ရောက်မယ့် သင်တန်းသားများအနေနဲ့ Form နှစ်ခုလုံး (Registration Form ရော Scholarship Form ရော) ဖြည့်ပေးရန် လိုအပ်ပါတယ်။

Diploma in Social Work အတွက် ပေးအပ်မယ့် Scholarship တွေကတော့ Full Scholarship အတွက် ၂ ယောက် ပေးအပ်မှာဖြစ်ပြီး Partial Scholarship (70% Fees Only) အတွက် ၅ ယောက် စသဖြင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။



Online Diploma in Social Work
Yangon School of Social Work, YSSW IT May 17, 2024
Share this post
Tags
Archive
​​
Introduction to Humanitarian Work (SW 601)