​​

Intro to Social Psychology_Wave 7

📣 YSSW Wave 7 Online Short Courses


💁 Introduction to Social Psychology (SW 501)


❓ လူမှုအသိုင်းအဝိုင်းတစ်ခုအတွင်း ပဋိပက္ခတွေကို လူမှုရေးစိတ်ပညာသဘောတရားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ?

❓ "ငါတိုနဲ့ သူတို" ဆိုတဲ့ ခြားနားမှုခံစားချက်ကို ဘယ်လိုလျှော့ချနိုင်မလဲ?

❓ လူအများရှေ့မှာ ကိုယ်မယုံကြည်တဲ့ အရာတစ်ခုကို ဘာကြောင့် သဘောတူလိုက်ရတာလဲ?

❓လူတစ်ဦးရဲ့ မကောင်းမှုကို "ဒါသူ့ပင်ကိုယ်စရိုက်ပဲ" လို သတ်မှတ်တာနဲ့ "ဒါပတ်ဝန်းကျင်ကြောင့်ပဲ" လို သတ်မှတ်တာရဲ့ ကွဲပြားချက်က ဘာလဲ?


ဒီလိုမေးခွန်းမျိုးတွေကို အခါသင့်တိုင်း ကိုယ့်ကိုကိုယ်လဲမေးခွန်းထုတ်ဖူးကြမှာပါ။ ဒါပေမယ့် ကျိုးကြောင်းဆီ‌လျော်တဲ့ အဖြေတွေကို နက်နက်ရှိင်းရှိင်းလေးတွေးနိုင်လာဖိုရယ်ရွယ်ထားသူတွေအတွက် Introduction to Social Psychology အတန်းလေးကိုဖွင့်လှစ်ထားပါတယ်။ 🥰


Introduction to Social Psychology ဆိုတာဘာလဲ…

🔶အခြေခံ လူမှုရေးစိတ်ပညာ (Social Psychology) ဟာ မြန်မာနိုင်ငံ နဲ့ အာရှနိုင်ငံ‌တွေရဲ့လူမှုရေးအကြောင်းအရာများကိုလူမှုစိတ်ပညာ အခြေခံသဘောတရားများနဲ့ သီအိုရီများကိုထည့်သွင်းစဥ်းစားပြီးတော့ စူးစမ်းလေ့လာမယ့် ဘာသာရပ်ဖြစ်ပါတယ်။


ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကတော့…

🔶 Social Dynamics, Cultural Influences နဲ့ လူသားတိုရဲ့ အပြုအမူများနဲ့ အပြန်အလှန်ဆက်ဆံရေးတိုအပေါ် လွှမ်းမိုးသက်ရောက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဥ်များကို ကျယ်ကျယ်ပြန့်ပြန့်သဘောပေါက်နားလည်ဖိုအတွက်ဖြစ်ပါတယ်။


ဒီ Course လေးမှာဆိုရင် သင်တန်းသားများ အနေနဲ့ လူမှုရေးစိတ်ပညာ (Social Psychology) ရဲ့ သီးခြားအခြေအနေများ ကို အပြန်အလှန်ဆွေးနွေးမှုများ၊ Case Studies များနဲ့ လက်တွေ့အသုံးချမှု အစီအစဥ် များကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။ 🤩


ဒီ Course ကနေ ဘာတွေသင်ယူရရှိနိုင်မလဲ

🔶 Social Psychology ရဲ့ အဓိက သီအိုရီများ

🔶 မတူညီသော လူမှု အခင်းအကျင်းများအပေါ် မည်သိုသော သီအိုရီ နှင့် သဘောတရားများကိုဘယ်လိုကျင့်သုံးရပုံများ။

🔶 လူမှုရေးစိတ်ပညာဆိုင်ရာ အခြေအနေများကို ဆွေးနွေးမှုများ။

စတာတွေကို သင်ယူ‌‌လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ 


📍သင်တန်းအချက်အလက်များ📍

နေ့ရက်                  : အပတ်စဉ် တနင်္လာနေ့ (Start on October 13)

သင်တန်းအချိန်     : ည ၇နာရီခွဲ မှ ၉နာရီခွဲ (7:30 pm - 9:30 pm)

သင်တန်းကာလ    : ၃လခွဲ (14 Weeks, 3.5 months)

သင်တန်းကြေး      : ၈၀,၀၀၀ ကျပ် (Special Discount လဲရှိပါတယ်။)

သင်ကြားမည့်ဘာသာစကား : မြန်မာဘာသာဖြင့် သင်ကြားပေးမည်။


သင်တန်းသားအရေအတွက် (၃၀) ဦးအထိသာလက်ခံမှာဖြစ်ပါတယ်။ 


လူမှုအကျိုးပြုလုပ်ငန်း‌တွေမှာ ပိုမိုကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဖို အခွင့်အရေးကိုလက်လွတ်မခံဘဲ အောက်ပါ Register Link မှာ အခုပဲ စာရင်းသွင်းလိုက်ပါနော်။⬇️

💁 Application Link 

https://forms.gle/tQQFGX4i12KKdwsW9


Special Discount နဲ့ပတ်သက်ပြီးအသေးစိတ်သိလိုပါကလဲ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

💁 https://m.facebook.com/story.php?story_fbid=823942206810265&id=100075834792767&mibextid=Nif5oz





Intro to Social Psychology_Wave 7
Yangon School of Social Work, YSSW IT October 3, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Intro to Humanitarian Work_Wave 7