​​

World Social World Day 2026

World Social World Day 2026 ကို ဂုဏ်ပြုသောအားဖြင့် in-person အစီအစဉ်ကိုလဲ မတ်လ ၂၂ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။


In-person အစီအစဉ်လေး မှာဆိုရင်တော့ ပထမ session အနေနဲ့ Loca-led Social Service Directory ပေါ်ထွန်းရေး‌အတွက် မကြာခင်က  YSSW Page မှာ ကြေညာခဲ့တဲ့ Social Service Directory မှာပါဝင်ခဲ့ကြတဲ့ အဖွဲ့ တွေနဲ့ အပြန်အလှန်ဆွေးနွေး‌ခဲ့ကြပါတယ်။ 🤝


ဒုတိယ session မှာတော့ Trauma Healing session ကိုပြုလုပ်ခဲ့ပါတယ်။ Trauma Healing Session မှာပါဝင်အားဖြည့်ပေးခဲ့တဲ့ ဆရာမ‌ဒေါ်ဥမ္မာခိုင်ကိုလဲကျေးဇူးအများကြီးတင်ရှိပါတယ်။ ✨


ဒါ့အပြင် မနက်စာအဖြစ် ရခိုင်ရိုးရာအစားအစာဖြစ်တဲ့ ရခိုင်မုန့်တီသုပ်ကိုမျှဝေ သုံးဆောင်ခဲ့ကြပြီး နေ့လည်ခင်းမှာတော့ အလွန်အရသာရှိတဲ့ ကြက်ကြော်ကို အတူတကွသုံးဆောင်ခဲ့ကြပါတယ်။ မတူညီတဲ့ရိုးရာနှစ်ခုကနေ ဟာမိုနီဖြစ်တဲ့ အစားအသောက်အစပ်အဟပ်လေးတစ်မျိုးအဖြစ် အမှတ်ရစရာကျန်နေခဲ့ပါသေးတယ်။ 💛


WSWD 2026 ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ အဘက်ဘက်ကနေ ပါဝင်ပေးခဲ့ကြသူများ၊ volunteers များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ရောက်ပါဝင်ခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။


#YSSW #WSWD2026

#celebration

#YangonSchoolofSocialWork


World Social World Day 2026
Yangon School of Social Work, YSSW IT March 29, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
The Present of Buddhist "Social Work" Activities in Asia