​​

World Social Work Day 2026

World Social Work Day 2026 ရဲ့ online အစီအစဉ်ကို မတ်လ ၂၁ရက်နေ့၊  ၂၀၂၆ ခုနှစ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 


WSWD 2026 ရဲ့ Online အစီအစဉ်မှာဆိုရင် ဒီနှစ်ရဲ့ Theme ဖြစ်တဲ့ "Co-Building Hope and Harmony: A Harambee Call to Unite a Divided Society" ကိုဂုဏ်ပြုတဲ့အနေနဲ့ Hope and Harmony ကိုအခြေခံတဲ့  Knowledge Sharing နဲ့ Panel Discussion ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ✨


ကျတော်တို့တွေမှာ မတူညီတဲ့အခက်အခဲမျိုးစုံရှိပါတယ်။ ဒီလိုအခက်အခဲဖြစ်နေတဲ့အချိန်မှာ မျှော်လင့်ချက်တွေပျောက်ဆုံးသွားတတ်ကြလေ့ရှိပါတယ်။ ပျောက်ဆုံးသွားတယ်ဆိုတာက လုံးဝမရှိတော့တာမဟုတ်ပါဘူး။ ကျတော်တို့တွေက အဲ့ဒီ ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်တွေကို ပြန်တည်ဆောက်ဖို့လိုအပ်ပါတယ်။ 

ဒါ့အပြင် လူ့အဖွဲ့အစည်းထဲမှာလဲ  သဟဇာတရှိရှိနဲ့ အတူတတွနေထိုင်နိုင်ဖို့လိုအပ်ပါတယ်။


ဒါကြောင့်မို့လို့ WSWD ရဲ့ ပထမအစီအစဉ်မှာ Hope ကိုအခြေခံတဲ့ Knowledge Sharing အစီအစဉ်ကို Honest Hour မှမျှဝေခဲ့ပါတယ်။ 🥰


ဒုတိယအစီအစဉ်ဖြစ်တဲ့ Panel Discussion မှာဆိုရင် Harmony ကိုအခြေခံပြီး The Serenity Mental Health Team,  YSSW ရဲ့ Online Diploma in Social Work (ODSW) မှ Alumni နဲ့ Faculty Member ဆရာမျိုးတို့မှ community, education, mental health နဲ့ လူမှုတရားမျှတမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးကနေဆွေးနွေးခဲ့ကြပါတယ်။ 🥰


ပြီးတော့ နောက်ဆက်တွဲ panel တွေက ဘယ်လို စိတ်ဝင်စားစရာ အကြောင်းရာတွေကို မျှဝေခဲ့လဲဆိုတာ ဆက်လက်တင်ဆက်မှာမို့ စောင့်မျှော်ပေးပါဦးနော်။ 🔥


🌻 အခုလိုမျိုး Online World Social Work Day အစီအစဉ်ကို အောင်မြင်အောင် ပံ့ပိုးပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ 

🌻 အစီအစဉ် အစမှ အဆုံးထိ  Sign Language ဖြင့်ပါဝင် အားဖြည့်ပေးခဲ့တဲ့ ဆရာမ Mai Amae ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

🌻 တက်ရောက်ပါဝင်လာကြတဲ့ Participants တစ်ယောက်ချင်းစီကိုလဲကျေးဇူးတင်ရှိပါတယ်။ 


ကျတော်တို့တွေအတူအတွ ဆက်ကြိုးစားကြပါမယ်ခင်ဗျာ။


#YSSW #WSWD2026 

#celebration 

#YangonSchoolofSocialWork

#hope

#harmony




World Social Work Day 2026
Yangon School of Social Work, YSSW IT March 28, 2026
Share this post
Tags
Archive
​​
Child-Friendly Space (CFS) Report