​​

Why is Social Work Important?

ယနေ့ခေတ်တွင် Social Work  ဘာကြောင့် အရေးကြီးသလဲ


ယနေ့ခေတ် လူ့အဖွဲ့အစည်းကို ကြည့်လိုက်မယ်ဆိုရင် လူမှုရေးပြဿနာတွေ များပြားလာတာကို တွေ့နိုင်ပါတယ်။ ဆင်းရဲမွဲတေမှု၊ ပညာရေးအခွင့်အလမ်း မညီမျှမှု၊ အလုပ်အကိုင်မရှိမှု၊ မိသားစုအတွင်း အကြမ်းဖက်မှု၊ ကလေးများနှင့် လူငယ်များအပေါ် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ စတဲ့ အခြေအနေတွေဟာ လူတဦးတယောက်ချင်းစီသာမက လူ့အဖွဲ့အစည်းတရပ်လုံးအပေါ် မှာ ကြီးမားတဲ့သက်ရောက်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ လူတွေကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးနိုင်ပြီး လူ့အဖွဲ့အစည်းကို ပိုမိုတည်ငြိမ်တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့ Social Work ဟာ ယနေ့ခေတ်မှာ အလွန်အရေးကြီးလာပါတယ်။


Social Work ဆိုတာက လူတစ်ဦးချင်းစီကို ကူညီပေးတာသာ မဟုတ်ပါဘူး။ မိသားစု၊ အသိုင်းအဝိုင်းတခုစီမှစလို့ နိုင်ငံတစ်ခုလုံး လူ့အဖွဲ့အစည်းတခုလုံးအထိ သက်ရောက်မှုရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Social Worker တွေဟာ လူ့အဖွဲ့အစည်းတွင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကို နားလည်ဖို့ ကြိုးစားပြီး အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို အကြံဉာဏ်ပေးကြပါတယ်။ တချို့အခါတွေမှာ လူတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီပေးကြသလို တချို့အခါတွေမှာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်အောင် ချိတ်ဆက်ပေးကြပါတယ်။


ယနေ့ ၂၁ ရာစုတွင် လူမှုလုပ်သားများ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာပြီး လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာသော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုကို ထမ်းဆောင်လာကြပါတယ်။ ဒါ့အပြင် Social Workers တွေဟာ အသိုင်းအဝိုင်းအတွင်း ပညာရေးအစီအစဉ်တွေ ဖန်တီးပေးတာ၊ လူတွေကို လူမှုဝန်ဆောင်မှုတွေ ဖန်တီးရာမှာ ပါဝင်ခွင့်ပေးတာ၊ လွတ်လပ်ပြီးရေရှည်တည်တံ့ဖွံ့ဖြိုးသော အလုပ်အကိုင်အခွင့်အလမ်း ရရှိလာအောင် ကူညီပေးတာ စတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လူတွေဟာ ကိုယ်တိုင်ဘဝကို တိုးတက်အောင် ကြိုးစားနိုင်ပြီး လူ့အဖွဲ့အစည်းအတွက်လည်း အကျိုးရှိတဲ့ အဖွဲ့ဝင်တွေ ဖြစ်လာနိုင်ပါတယ်ဆိုတာကို လူမှုအဖွဲ့အစည်းတွေအနေနဲ့အလေူအနက်ထားယုံကြည်ကြပါတယ်။


နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ လူမှုလုပ်ငန်းဟာ လူမှုတရားမျှတမှု (Social Justice) ကို အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း အားနည်းနေတဲ့ လူအုပ်စုတွေ၊ အခွင့်အရေး မရရှိသေးတဲ့ လူတွေကို ကာကွယ်ပေးပြီး လူတိုင်းအတွက် အခွင့်အရေးတန်းတူရှိလာအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် လူမှုလုပ်ငန်းဟာ လူမှုသဟာဇတဖြစ်မှုကို တည်ဆောက်ပေးပြီး လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်လာစေပါတယ်။


အကျဉ်းချုပ်ပြောရရင် Social Work ဆိုတာ လူတစ်ယောက်ရဲ့ ဘဝကိုသာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးနိုင်တဲ့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်လို လူမှုရေးပြဿနာတွေ များပြားလာတဲ့ အချိန်မှာ လူမှုလုပ်ငန်းကို နားလည်ပြီး ပိုမို အားပေးမြှင့်တင်ဖို့ လိုအပ်နေပါတယ်။ လူမှုလုပ်သားတွေက လူ့အဖွဲ့အစည်းကို ပိုမိုတရားမျှတပြီး သဟဇတဖြစ်တဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်လာအောင် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ထမ်းဆောင်နေကြပါတယ်။


#YSSW #YangonSchoolofSocialWork #SocialWork #CommunityWellbeing #socialworker #ThriveTogether


Why is Social Work Important?
Yangon School of Social Work, YSSW IT April 3, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
World Autism Awareness Day
2026