​​

Trauma Healing Event (Ep-2)

အောက်ပါ လက္ခဏာများမှ တစ်ခုခုကို သင်ခံစားရဖူးပါသလား 🙋
📌 ရုတ်တရက် ထိန်းမနိုင်သိမ်း မရလောက်အောင် အထိတ်တလန့်ဖြစ်ခြင်း၊
📌 မလိုချင်တော့တဲ့၊ အနှောင့်အယှက် ဖြစ်စရာအတွေးများ သို့မဟုတ် အမှတ်တရများ ပြန်ပေါ်လာခြင်း၊
📌 တစ်ခုခုမကောင်းတာ ဖြစ်တော့မည်ဟုခံစားရပြီး စိုးရိမ်တုန်လှုပ်နေရခြင်း၊
📌 စိတ်တင်းကျပ်နေခြင်း သို့မဟုတ် စိတ်မချမ်းမသာဖြစ်ခြင်း
📌 အမှတ်တရတွေ၊ အတွေးတွေ နဲ့ ခံစားချက်တွေဆီကနေ ရှောင်ပြေးခြင်း
📌 အလုပ်တွေ ဆက်လုပ်ဖို့ အကြီးအကျယ် ပူပန်နေရခြင်း၊
📌 မိမိဘေးနားမှာရှိသော သူတွေဆီကနေ စိတ်မသက်မသာဖြစ်ပြီး တသီးတသန့် နေချင်သော စိတ်ခံစားချက်မျိူး ဖြစ်နေခြင်း၊
📌 အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း
📌 အိပ်စက်ဖို့ အခက်အခဲများရှိခြင်း၊
📌 အိပ်မက်ဆိုးများမက်ခြင်း၊
📌 ပျော်ရွှင်မှုနှင့် စိတ်ချမ်းသာမှုတွေကို ခံစားဖို့ အခက်အခဲဖြစ်နေခြင်း။

ဒီလိုခံစားနေရတဲ့ လက္ခဏာတွေ အတွက် YSSW ရဲ့ Trauma Healing Event ဟာ Episode 2 အဖြစ် ပြန်လည်ရောက်ရှိလာပါပြီ။
ဒီ Event လေးကို ပထမအကြိမ် အနေနဲ့ ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပခဲ့ပြီး အခုမှ ဆိုရင် ဒုတိယအကြိမ်ကျင်းပမှာဖြစ်ပါတယ်။

✨ ဒီ Trauma Healing Event က ဘယ်လို ကူညီပေးနိုင်မှာလည်း ?

ဒီ Event ရဲ့ ရည်ရွယ်ချက်မှာ -
အထက်ပါ စိတ်ဖိစီးမှုလက္ခဏာများ တွေ့ကြုံနေရသူများအတွက် လျှင်မြန်စွာ သက်သာရာရ‌ စေဖို့အတွက် ပံ့ပိုးပေးဖို့ပဲဖြစ်ပါတယ်။
ရောဂါပိုး ပိုမိုမကူးစက်စေဖို့ ဒဏ်ရာကို သန့်ရှင်းရေးလုပ်သလို အစပိုင်းမှာတော့ နာကျင်စရာ အမှတ်တရတွေကို အာရုံစိုက်ရခြင်းကြောင့် စိတ်မသက်မသာ ဖြစ်နိုင်ပေမယ့်လည်း နာကျင်စရာအမှတ်တရတွေနဲ့ ကြောက်မက်ဖွယ်ရာများကို ပျက်ပြယ်စေခြင်းအားဖြင့် ဖော်ပြထားတဲ့ လက္ခဏာ‌တွေကို လျော့ပါးစေဖို့စီစဥ်ထားသော Event မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် အတိတ်က ဖြစ်ရပ်တွေကို ပြန်စဉ်းစားမိတဲ့ အခါတိုင်း စိတ်ဖိစီးမှု မဖြစ်‌တော့ဘဲ “အမှတ်တရတစ်ခု” လိုပဲ ခံစားမိအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီ Event ဟာဘယ်လိုပုံစံမျိုးလဲ?

ဒီ Event ကို လူအများနဲ့အတူလုပ်ဆောင်ရသော်လည်း ကိုယ့်အတွင်းစိတ်နဲ့ ကိုယ်တစ်ဦးချင်းစီအလိုက် လွတ်လပ်စွာ ပါဝင်ရမှာ ဖြစ်ပါသည်။

ဒါကြောင့် Group Therapy မျိုး လုံးဝ မဟုတ်ပါဘူးနော်။ 🙅

ကိုယ့်အကြောင်းတွေကို ထုတ်ပြောစရာလည်း မလိုပါဘူး။ 🙅

✅ စိတ်ဖိစီးမှုများကို စီမံခန့်ခွဲတက်အောင် သင်ကြားပေးမည့် Stress Management မျိုးလည်းမဟုတ်ဘဲ၊ မိမိ ရဲ့ စိတ်နှင့်ကိုယ် ကို နှောင့်ယှက်နေသော ခံစားချက်တွေ၊ ပုံရိပ်တွေ၊နာကျင်မှုတွေ နှင့် အတွေးတွေကို လျှော့ချပေးရန် ရည်ရွယ်သည့် Event မျိုး ဖြစ်ပါတယ်။

ဒီ Event ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ (တနင်္ဂနွေနေ့)
နေ့လည် ၂ နာရီ ၃၀ မိနစ် မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ရန်ကုန််မြို့ရဲ့ အနုပညာပြခန်းတစ်ခုမှာ In-person Event အဖြစ် လူဦးရေအကန့်အသတ်‌နဲ့ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်နဲ့ဖြစ်တာကြောင့် အောက်က Form မှာ Register လုပ်သူများကိုသာ Email ဖြင့် သီးသန့် ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

Registration ရဲ့ Deadline ကတော့ 20th December 2024 (Friday) ဖြစ်ပါတယ်။

Register Form Here

Title : Trauma Healing Event (Episode 2)
Date : 22.12.2024 (Sunday)
Time : 2:30 PM - 4:30 PM
Location: KaLaSa Art Space



Trauma Healing Event (Ep-2)
Yangon School of Social Work, YSSW IT December 21, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Thank You for Your Participation!
Trauma Healing Event