​​

Trauma Healing Event

ပိတ်မိနေသော စိတ်ဒဏ်ရာများမှ လွတ်မြောက်နည်း ✅

ပိတ်မိနေသော စိတ်ဒဏ်ရာများမှ လွတ်မြောက်နည်း ✅

အောက်ပါ လက္ခဏာများမှ တစ်ခုခုကို သင်ခံစားရဖူးပါသလား 🙋

📌 ရုတ်တရက် ထိန်းမနိုင်သိမ်း မရလောက်အောင် အထိတ်တလန့်ဖြစ်ခြင်း၊

📌 မလိုချင်တော့တဲ့၊ အနှောင့်အယှက် ဖြစ်စရာအတွေးများ သို့မဟုတ် အမှတ်တရများ ပြန်ပေါ်လာခြင်း၊

📌 တစ်ခုခုမကောင်းတာ ဖြစ်တော့မည်ဟုခံစားရပြီး စိုးရိမ်တုန်လှုပ်နေရခြင်း၊

📌 စိတ်တင်းကျပ်နေခြင်း သို့မဟုတ် စိတ်မချမ်းမသာဖြစ်ခြင်း

📌 အမှတ်တရတွေ၊ အတွေးတွေ နဲ့ ခံစားချက်တွေဆီကနေ ရှောင်ပြေးခြင်း

📌 အလုပ်တွေ ဆက်လုပ်ဖို့ အကြီးအကျယ် ပူပန်နေရခြင်း၊

📌 မိမိဘေးနားမှာရှိသော သူတွေဆီကနေ စိတ်မသက်မသာဖြစ်ပြီး တသီးတသန့် နေချင်သော စိတ်ခံစားချက်မျိူး ဖြစ်နေခြင်း၊

📌 အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း

📌 အိပ်စက်ဖို့ အခက်အခဲများရှိခြင်း၊

📌 အိပ်မက်ဆိုးများမက်ခြင်း၊

📌 ပျော်ရွှင်မှုနှင့် စိတ်ချမ်းသာမှုတွေကို ခံစားဖို့ အခက်အခဲဖြစ်နေခြင်း။

အထက်ဖော်ပြပါ လက္ခဏာတစ်ခုခု ခံစားဖူးတယ်ဆိုရင်တော့ ကျွန်တော်တို့ Yangon School of Social Work (YSSW) မှ ကျင်းပမည့် Trauma Healing Event မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

✨ ဒီ Trauma Healing Event က ဘယ်လို ကူညီပေးနိုင်မှာလည်း ?

ဒီ Event ရဲ့ ရည်ရွယ်ချက်မှာ -

အထက်ပါ စိတ်ဖိစီးမှုလက္ခဏာများ တွေ့ကြုံနေရသူများအတွက် လျှင်မြန်စွာ သက်သာရာရစေရန် ပံ့ပိုး ပေးနိုင်ရန် ဖြစ်ပါသည်။

ရောဂါပိုး ပိုမိုမကူးစက်စေရန် ဒဏ်ရာကို သန့်ရှင်းရေးလုပ်သလို အစပိုင်းမှာတော့ နာကျင်စရာ အမှတ်တရတွေကို အာရုံစိုက်ရခြင်းကြောင့် စိတ်မသက်မသာ ဖြစ်နိုင်သော်လည်း နာကျင်စရာအမှတ်တရများ နှင့် ကြောက်မက်ဖွယ်ရာများကို ပျက်ပြယ်စေခြင်းဖြင့် အထက်ဖော်ပြပါ လက္ခဏာများကို လျော့ပါးစေရန်စီစဥ်ထားသော Event မျိုး ဖြစ်ပါသည်။ ထို့ကြောင့် အတိတ်က ဖြစ်ရပ်တွေကို ပြန်စဉ်းစားမိတဲ့ အခါတိုင်း စိတ်ဖိစီးမှု မဖြစ်‌တော့ဘဲ “အမှတ်တရတစ်ခု” လိုပဲ ခံစားမိအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါသည်။

ဒီ Event ကို လူအများနဲ့အတူလုပ်ဆောင်ရသော်လည်း ကိုယ့်အတွင်းစိတ်နဲ့ ကိုယ်တစ်ဦးချင်းစီအလိုက် လွတ်လပ်စွာ ပါဝင်ရမှာ ဖြစ်ပါသည်။

ဒါကြောင့် Group Therapy မျိုး လုံးဝ မဟုတ်ပါဘူးနော်။ 🙅

ကိုယ့်အကြောင်းတွေကို ထုတ်ပြောစရာလည်း မလိုပါဘူး။ 🙅

မိမိနှင့်သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေကိုသာလျှင် မိမိကိုယ်တိုင်လုပ်ဆောင်ရမှာဖြစ်ပါသည်။

✅ စိတ်ဖိစီးမှုများကို စီမံခန့်ခွဲတက်အောင် သင်ကြားပေးမည့် Stress Management မျိုးလည်းမဟုတ်ဘဲ၊ မိမိ ရဲ့ စိတ်နှင့်ကိုယ် ကို နှောင့်ယှက်နေသော ခံစားချက်တွေ၊ ပုံရိပ်တွေ၊နာကျင်မှုတွေ နှင့် အတွေးတွေကို လျှော့ချပေးရန် ရည်ရွယ်သည့် Event မျိုး ဖြစ်ပါတယ်။

ဒီ Event ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီအထိ ရန်ကုန််မြို့မှာ In-person Private Event ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Event ပြုလုပ်ကျင်းပမယ့်နေရာ အသေးစိတ်ကိုတော့ အောက်က Form မှာ Register လုပ်သူများကိုသာ Email ဖြင့် သီးသန့် ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

Registration ရဲ့ Deadline ကတော့ 14th November 2024 (Thursday) ဖြစ်ပါတယ်။

👉🏻 Registration form for Trauma Healing Event


Trauma Healing Event
Yangon School of Social Work, YSSW IT November 7, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Thank You Ko Kyaw Zin | Founder of Call me Today
Mental Health and Counseling in Social Work Setting