MYANWEN WOMEN-LED MSMEs FORUM 2026

June 4, 2026 by
MYANWEN WOMEN-LED MSMEs FORUM 2026
Yangon School of Social Work, YSSW IT

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ကြီးမှူးကျင်းပပြီး Main Financial Partners အဖြစ် KBZ Bank နှင့် KBZPay ၊ Supporting Partners အဖြစ် City Trust နှင့် Royal D တို့မှ ပါဝင်အားဖြည့်ထားသည့်


MYANWEN WOMEN-LED MSMEs FORUM 2026


ယနေ့ခေတ် Digital Transformation & AI နည်းပညာတွေကို MSMEs လုပ်ငန်းတွေမှာ Smart ကျကျ ထိရောက်စွာ လက်တွေ့အသုံးချနိုင်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခု လာပါပြီ။


📌 Forum Highlights

Morning Session:

MSMEs များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ AI နှင့် Digital Economy ခေတ်အတွင်း စီးပွားရေးအခွင့်အလမ်းများအကြောင်းကို ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဆွေးနွေးမျှဝေသွားမည် ဖြစ်ပါသည်။


Afternoon Session: AI & Business Transformation Workshop

ဒီ "AI & Business Transformation Workshop" အစီအစဉ်မှာ YSSW ရဲ့ Founder & CEO ဖြစ်သူ ကိုကျော်စစ်နိုင် ကိုယ်တိုင် လက်တွေ့အသုံးချ Free AI Tools များအကြောင်းနှင့် လုပ်ငန်းတိုးတက်အောင် GenAI အသုံးပြုနည်းများကို အသေးစိတ် သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။


Workshop တွင် လေ့လာခွင့်ရမည့်အရာများ -

▶️ MSMEs များအတွက် AI အသုံးချနည်းလမ်းများနှင့် Free AI Tools များ

▶️ Digital Marketing & Customer Communication တွင် AI အသုံးချခြင်း

▶️ လုပ်ငန်းတိုးတက်မှုအတွက် Hands-on Activities နှင့် နည်းပညာမျှဝေခြင်း

▶️ Women Entrepreneurs များအချင်းချင်း Networking & Experience Sharing


📍 နေရာ: Jasmine Taunggyi Hotel (တောင်ကြီးမြို့)

🗓 ရက်စွဲ: 09 June 2026 (Tuesday)

⏰ အချိန်: 9:00 AM – 5:00 PM


နည်းပညာခေတ်နှင့်အညီ မိမိတို့လုပ်ငန်းကို အသွင်ကူးပြောင်းပြီး အနာဂတ်အခွင့်အလမ်းတွေကို ဖမ်းဆုပ်ချင်တဲ့ Women Entrepreneurs များအားလုံး တက်ရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


MYANWEN WOMEN-LED MSMEs FORUM 2026
Yangon School of Social Work, YSSW IT June 4, 2026
Share this post
Tags
Archive