​​

မြန်မာနိုင်ငံရှိ ငလျင်‌ဘေးသင့် ကလေးများအတွက် အကျိုးသက်ရောက်မှု 2 ဆ ရှိစေမဲ့ အလှူဒါန

မြန်မာနိုင်ငံရှိ ငလျင်‌ဘေးသင့် ကလေးများအတွက် အကျိုးသက်ရောက်မှု 2 ဆ ရှိစေမဲ့ အလှူဒါန

ကျွန်တော်တို့ Yangon School of Social Work (YSSW) မှ သတင်းကောင်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

အလှူရှင် တစ်ဦး မှ YSSW Child-Friendly Space (CFS) စီမံကိန်းအတွက် လာမယ့် တစ်လအတွင်း ၅,၀၀၀ ဒေါ်လာ အထိ တစ်ဒေါ်လာလှူတိုင်း တစ်ဒေါ်လာ အညီအမျှ ထပ်မံထည့်ဝင်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။

ဒါဟာ မန္တလေးနှင့် စစ်ကိုင်းဒေသရှိ ငလျင်ဘေးသင့် ကလေး ၁,၀၀၀ ကျော်အတွက် သင့်ရဲ့ထောက်ပံ့မှုကို ၂ ဆအထိ ပိုမိုအကျိုးရှိစေမယ့် အခွင့်အရေးပဲဖြစ်ပါတယ်!

ဒါကြောင့် ကျွန်ုပ်တို့အတူတူ ကလေးများ လုံခြုံစွာ ကစား၍ စိတ်ဒဏ်ရာပြေလျော့နိုင်မည့် နေရာများကို ယခုပဲ ဖန်တီးပေးလိုက်ရအောင် ဗျာ။

လှူဒါန်းနည်းများ:

မြန်မာနိုင်ငံအတွင်း လှူဒါန်းလိုပါက: AYA Pay နဲ့ Kpay မှ တစ်ဆင့် ပါဝင် လှူဒါန်းနိုငိပါတယ်။

နိုင်ငံတကာမှ လှူဒါန်းလိုပါက: Link မှ လှူဒါန်းနိုင်ပါတယ် – ​​​​​​​​C​l​ick​ T​his ​L​in​k ( "Dedicate this donation" အကွက်ကို အမှန်ခြစ် ခြစ်ပြီး YSSW ဟု ဖြည့်ရန်မမေ့ပါနှင့်!)

သင့်လှူဒါန်းငွေဖြင့် ပံ့ပိုးပေးနိုင်မည့်အရာများ:

ကလေးများအတွက် ဘေးကင်းပြီး စိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှု

ကစားစရာနှင့် ပြန်လည် ကုသရေး ပစ္စည်းများ

ဒေသခံ စေတနာ့ဝန်ထမ်းများနှင့် လေ့ကျင့်ထားသော လူမှုရေးအလုပ်သမားများ

ရေရှည်တည်တံ့သော ကလေးအထောက်အပံ့စနစ်

ကလေးတိုင်း ပြန်လည် Healing လုပ်ဖို့ လိုအပ်ပါတယ်။

သင် 1 ဒေါ်လာ လှူတိုင်း 1 ဒေါ်လာ ထပ်မံဖြည့်သွားမှာ ဖြစ်တာကြောင့် ယခုပဲ မြန်မာနိုင်ငံရှိ ငလျင်‌ဘေးသင့် ကလေးများအတွက် လှူဒါန်းလိုက်ပါခင်ဗျာ။

hashtag#YSSW hashtag#ChildFriendlySpace hashtag#CPI hashtag#MatchingFund hashtag#မြန်မာကလေးများ hashtag#ငလျင်ဘေးသင့်ကူညီရေး hashtag#လှူဒါန်းပါ hashtag#၂ဆတိုး hashtag#အတူတူအားယူကြမယ်


မြန်မာနိုင်ငံရှိ ငလျင်‌ဘေးသင့် ကလေးများအတွက် အကျိုးသက်ရောက်မှု 2 ဆ ရှိစေမဲ့ အလှူဒါန
Yangon School of Social Work, YSSW IT May 15, 2025

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Child Friendly Space Campaign အတွက်လှူဒါန်းခဲ့သော အလှူရှင်များ