​​

Join Our Wave 8 Volunteer Program

Yangon School of Social Work (YSSW) ကနေ ယခုလာမည့် Wave 8 အတွက် Volunteer Position ၅ ခုကို ရှာဖွေနေပါတယ်။🔍🔍

သင်ဟာ …….
👉Social Work ကို စိတ်ဝင်စားသူလား။

👉သင်ဟာ အသက် ၁၈ မှ ၂၉ နှစ်ကြားမှာရှိတဲ့ လူငယ်တစ်ယောက်လား။

👉Blog တွေ ရေးရတာ စိတ်ဝင်စားသူလား။

👉Photo/Poster တွေ ဖန်တီးရတာ စိတ်ဝင်စားသူလား။

👉Short Video တွေ ဖန်တီးရတာ စိတ်ဝင်စားသူလား။

သင့်ရဲ့အဖြေက အပေါ်ဆုံးက မေးခွန် ၂ ခု အတွက် Yes✅ ဖြစ်ပြီး အောက်က မေးခွန်း ၃ ခု အတွက် အဖြေ ဟာ Yes တစ်ခု(သို့) တစ်ခုထက်ပိုခဲ့မယ်ဆိုရင် သင့်ရဲ့အချိန်တွေကို YSSW မှာ Volunteer တစ်ယောက် အဖြစ် လာရောက်ပါဝင်ရင်း သူငယ်ချင်းအသစ်တွေနဲ့အတူ အသစ်အသစ်သောအရာများကို လာရောက် လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။💁🏻‍♂️

Volunteer Position တွေကတော့

Content Writer - 2 ယောက်
Graphic Designer - 2 ယောက်
Video Creator - 1 ယောက်

အခု Wave 8 ရဲ့ Volunteer Program ကတော့ 14th September 2024 မှ 28th December 2024 အထိ ၄ လတာ ကြာမြင့်မှာ ဖြစ်ပြီး Volunteer တစ်ယောက်အနေနဲ့ ..........

❗တစ်ပတ်ကို အလုပ်ချိန် ၄ နာရီခန့် ပေးရပါမယ်။

❗စနေနေ့ည ၈ နာရီမှ ၁၀ နာရီများမှာ ပြုလုပ်မယ့် အပတ်စဉ်အစည်းအဝေးတွေကိုလည်း ပုံမှန်တက် ရောက်နိုင်ရပါမယ်။

❗YSSW မှ ပြုလုပ်တဲ့ မည်သည့် Event မှာမဆို Moderator သို့မဟုတ် Organizing Member တစ်ယောက်အနေနဲ့ပါဝင်ကူညီပေးနိုင်ရပါမယ်။

နောက်ပြီးယခု program က Online program ဖြစ်တာကြောင့် သင်ဟာ ဘယ်အရပ် ဒေသကမဆို တက်ရောက်ပါဝင်နိုင်ပါတယ်။👨‍💻

လာမယ့် ၄ လတာအတွင်း သင်ဟာ Volunteer တစ်ယောက်ရဲ့ တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်နိုင်ပြီးတဲ့နောက်မှာတော့ YSSW မှ Completion of Certificate ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် YSSW မှာ သင့်အနေနဲ့ Volunteer တစ်ယောက်အဖြစ် ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါ Link မှ တဆင့် လျှောက်ထားနိုင်ပါတယ်။

ဒီတော့ Volunteer Experience တွေကို ရယူချင်တဲ့ သင့်သူငယ်ချင်းတွေ ရှိရင်လည်း သူတို့ သိရအောင် ဒီ Post လေးကို မျှဝေပေးကြရအောင်နော်။❤️

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​C​li​ck​ ​h​ere​ ​​​t​o​ ​j​o​in​ ​ou​r​ ​w​a​ve​ ​8​ ​vo​l​u​n​t​e​e​r​ ​p​ro​gra​m


Join Our Wave 8 Volunteer Program
Yangon School of Social Work, YSSW IT September 4, 2024
Share this post
Tags
Archive
​​
Geographical and Professional Background Overview Infographic
YSSW