​​

Finding the Missing Piece

Find The Missing Piece


သင်္ကြန်ကာလပြီးရင် ဘာလုပ်ဖို့ အစီအစဉ်ရှိကြလဲ?? 💦

Property on the coasts of the Mediterranean.

Finding the Missing Piece

သင်္ကြန်ကာလပြီးရင် ဘာလုပ်ဖို့ အစီအစဉ်ရှိကြလဲ?? 💦


မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပြီးကြပြီဆိုတော့ ကိုယ့်ရဲ့ အိပ်မက်တွေကို ပြန်အာရုံစိုက်ချင်တဲ့သူတွေ ရှိကြလားနော် 👀


ဒါကြောင့်မို့ YSSW ကနေပြီးတော့ "Finding the Missing Piece" 🧩 ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ လူငယ်တွေရဲ့ ပန်းတိုင်တွေကို အထောက်အကူပြုစေဖို့ YIRL Event လေးရှိတယ်ဆိုတာ အသိပေးပါရစေနော် 🥳


ကိုယ့်ရဲ့ရင်ထဲမှာ ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့ အရာလေးတွေကို မတူညီတဲ့ နယ်ပယ်အသီးသီးက လူငယ်တွေနဲ့အတူ မုန့်တွေစားပြီး ဂိမ်းဆော့ရင်း အတူတူရှာဖွေကြမယ့် ပျော်ရွှင်စရာ အစီအစဉ်လေးပါ 🤩


ဒါ့အပြင် ၂၁ ရာစုမှာ ကိုယ့်အနေနဲ့ နောက်ကျမကျန်ခဲ့အောင် မိမိဘဝအတွက် မဖြစ်မနေ အရေးကြီးတဲ့ Soft Skills တွေကိုလည်း အများကြီး တိုးတက်စေမှာ အသေအချာပါပဲ 📈


👉မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ဆင်ခြင်နိုင်ခြင်း (Self-reflection) 🧘‍♂️


👉 အဖွဲ့ဝင်တွေနဲ့အတူ လက်တွဲညီညီ လုပ်ဆောင်နိုင်ခြင်း (Teamwork) 🎯


👉ဖန်တီးနိုင်စွမ်း (Creativity) 🎨


👉အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခြင်း (Resilience) 💪


👉စကားပြောဆိုမှု စွမ်းရည် (Communication) 🗣


မတူညီတဲ့ Interactive ပုံစံတွေနဲ့လည်း ကိုယ်တိုင်လေ့လာနိုင်မှာမို့ အခုပဲ Register လုပ်ကြဖို့ အမြန်တိုက်တွန်းပါတယ်နော် 👀


ဒီပွဲအတွက် Registration fees ဆိုပြီး သတ်မှတ်ထားတာ မရှိပေမယ့် လူငယ်တွေအနေနဲ့ "မိမိတတ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်တိုင်ပါဝင်အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို ဖော်ဆောင်ချင်တာကြောင့် "Pay What You Can" အစီအစဉ်လေးတစ်ခုကို ထည့်သွင်းပေးထားပါတယ် 🤩


Event Details


Registration Link: https://forms.gle/914vjuRj6PLmxTpcA


Date: April 19, 2026 (Sun)


Time: 1:30 PM - 5:00 PM


Fees: Pay What You Can


Location: အမှတ် ၅၂၁(B)၊ ၃ လွှာ၊ ရွှေဂုံပလာဇာ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။


Google Map:

https://maps.app.goo.gl/2nNU5yk7aiRR82bC6?g_st=ic


#YSSW #findingthemissingpiece #reflection #youth #creativity #networking #yangonschoolofsocialwork


Finding the Missing Piece
Yangon School of Social Work, YSSW IT April 17, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Happy Thingyan