မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ကလေးများအတွက် အကျိုးသက်ရောက်မှု 2 ဆ ရှိစေမဲ့ အလှူဒါန
ကျွန်တော်တို့ Yangon School of Social Work (YSSW) မှ သတင်းကောင်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။
အလှူရှင် တစ်ဦး မှ YSSW Child-Friendly Space (CFS) စီမံကိန်းအတွက် လာမယ့် တစ်လအတွင်း ၅,၀၀၀ ဒေါ်လာ အထိ တစ်ဒေါ်လာလှူတိုင်း တစ်ဒေါ်လာ အညီအမျှ ထပ်မံထည့်ဝင်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။
ဒါဟာ မန္တလေးနှင့် စစ်ကိုင်းဒေသရှိ ငလျင်ဘေးသင့် ကလေး ၁,၀၀၀ ကျော်အတွက် သင့်ရဲ့ထောက်ပံ့မှုကို ၂ ဆအထိ ပိုမိုအကျိုးရှိစေမယ့် အခွင့်အရေးပဲဖြစ်ပါတယ်!
ဒါကြောင့် ကျွန်ုပ်တို့အတူတူ ကလေးများ လုံခြုံစွာ ကစား၍ စိတ်ဒဏ်ရာပြေလျော့နိုင်မည့် နေရာများကို ယခုပဲ ဖန်တီးပေးလိုက်ရအောင် ဗျာ။
လှူဒါန်းနည်းများ:
မြန်မာနိုင်ငံအတွင်း လှူဒါန်းလိုပါက: AYA Pay နဲ့ Kpay မှ တစ်ဆင့် ပါဝင် လှူဒါန်းနိုငိပါတယ်။
နိုင်ငံတကာမှ လှူဒါန်းလိုပါက: Link မှ လှူဒါန်းနိုင်ပါတယ် – Click This Link ( "Dedicate this donation" အကွက်ကို အမှန်ခြစ် ခြစ်ပြီး YSSW ဟု ဖြည့်ရန်မမေ့ပါနှင့်!)
သင့်လှူဒါန်းငွေဖြင့် ပံ့ပိုးပေးနိုင်မည့်အရာများ:
ကလေးများအတွက် ဘေးကင်းပြီး စိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှု
ကစားစရာနှင့် ပြန်လည် ကုသရေး ပစ္စည်းများ
ဒေသခံ စေတနာ့ဝန်ထမ်းများနှင့် လေ့ကျင့်ထားသော လူမှုရေးအလုပ်သမားများ
ရေရှည်တည်တံ့သော ကလေးအထောက်အပံ့စနစ်
ကလေးတိုင်း ပြန်လည် Healing လုပ်ဖို့ လိုအပ်ပါတယ်။
သင် 1 ဒေါ်လာ လှူတိုင်း 1 ဒေါ်လာ ထပ်မံဖြည့်သွားမှာ ဖြစ်တာကြောင့် ယခုပဲ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ကလေးများအတွက် လှူဒါန်းလိုက်ပါခင်ဗျာ။
hashtag#YSSW hashtag#ChildFriendlySpace hashtag#CPI hashtag#MatchingFund hashtag#မြန်မာကလေးများ hashtag#ငလျင်ဘေးသင့်ကူညီရေး hashtag#လှူဒါန်းပါ hashtag#၂ဆတိုး hashtag#အတူတူအားယူကြမယ်